ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ (၂/၂၀၂၄ ) သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၈း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းအပတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး နည်းပညာအကြံပေး ဦးဌေးလင်း၊ ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ဗဟန်းမြို့နယ်ထွေအုပ်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၅၄)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ထို့နောက်သင်တန်းသူများ၏ လက်ရာများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ စံပြရင်သွေးအိမ်မူကြိုကျောင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်