မုဒုံ ဇူလိုင် ၁၉
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက သင်တန်းသားများအနေဖြင့် သင်ကြားခဲ့သည့် နည်းစနစ်များကို ပြည်တွင်းဖြစ် စံချိန်မီ အရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းသစ်များ ထူထောင်လာနိုင်၍ မိသားစုဝင်ငွေတိုးပွားလာအောင် ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းဆင်းလက်မှတ်များနှင့် ကုန်ချောပစ္စည်းများ ပေးအပ် ချီးမြှင့်ရာ သင်တန်းသူများမှ လက်ခံရယူခဲ့သည်။
သင်တန်းတွင် နည်းပြဆရာမများမှ ဘက်စုံသုံးဆပ်ပြာရည်အမျိုးမျိုး၊အခြေခံ ခေါင်းလျှော်ရည် ၊ အမွှေးရည် စသည့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာအား စာတွေ့လက်တွေ့ဖြင့် (၅)ရက်ကြာ သင်တန်းသူ(၂၀)ဦးကို သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)