ပြည်မြို့ ရေဘေးရှောင်ပြည်သူများအတွက် ပြည်ခရိုင်ဘေးအန္တယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ‌ ဆန်ရိက္ခာဖိုးနှင့် သစ်ပင်ပိတစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပြည် ဇူလိုင် ၁၉

ပြည်မြို့တွင်  ‌ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၁၇ ရက်နေ့တွင် မြို့နယ်‌ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းခဲ့ကြသော ရေဘေးရှောင်အိမ်ထောင်စု ၁၇၂ စုမှ လူဦးရေ ၆၆၂ဦးတို့အတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် ၂၇၈၀၄၀၀ အား ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်ခရိုင်ဘေးအန္တယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ‌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ ဇူလိုင် ၁၇ ရက်က ဧရာဝတီမြစ်ရေမြင့်တက်ပြီး ပြည်မြို့နယ်၊နဝင်းရပ်ကွက်မှ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေကျပ် ၅၀၀၀၀ အား ပြည်ခရိုင် ဘေးအန္တယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ‌ ယမန်နေ့ညနေ ၄ နာရီ အချိန်တွင် ရွှေပလ္လင်မှော်ရေဘေးကယ်ဆယ်ရေးစခန်း၌  ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့‌ပြီး လက်ရှိပြည်မြို့တွင် ဧရာဝတီမြစ်ရေသည် ၂၉၃၄ စင်တီမီတာ၊ (၉၆ဒဿမ၃)ပေရှိနေပြီး ပြည်မြို့၏စိုးရိမ်ရေအမှတ် ၂၉၀၀စင်တီမီတာ၊ (၉၅)ပေ အထက် ၁ ပေနှင့် ၁ လက်မခန့် ကျော်လွန်မြင့်တက်လျက်ရှိနေသေးကြောင်းနှင့် ယမန်နေ့ ရေအမှတ်အောက် ၂ လက်မခန့် ရေပြန်ကျသွားကြောင်း ခရိုင်မိုးလေဝသနှင့်ဇလ‌ဗေဒဦးစီးဌာန၏ ယမန်နေ့ ညနေ ၆နာရီအချိန် တိုင်းထွာထုတ်ပြန်ချက်အရ သိရသည်။

ကိုဆက်(ပြန်/ဆက်)