ပခုက္ကူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ (၇၀ ဒသမ ၅၄) ပေအောက် ၁ ဒသမ ၂၈ ပေခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၅ ရက် နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၁၁၁ စင်တီမီတာ(၆၉ဒသမ၂၆)ပေရှိပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ(၇၀.၅၃)ပေအောက် ၃၉ စင်တီမီတာ(၁ဒသမ၂၈)ပေ ကျဆင်းနေပြီဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)