သတင်းများ

အ-ထ-က (၃) အလုံ၌ ဖွင့်လှစ်ထားသည့် ဟားခါးပညာရေးဒီဂရီကောလိပ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အ-ထ-က (၃) အလုံ၌ ဖွင့်လှစ်ထားသည့် ဟားခါးပညာရေးဒီဂရီကောလိပ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင်  ပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေ
Jul 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုကြရာ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများအနေနဲ့ ပြောင်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးကြီးကြပ်မှု​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးကြီးကြပ်မှု​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း
Jul 25,2024
မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အသက် ၁၆ နှစ်နှင့်အထက် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၈) ရပ်ကွက်အတွင်းရှိ အသက် ၁၆နှစ်နှင့်အထက် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက် ၁၀ နာရီက အမှတ် (၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။