စလင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များ၌ တောင်သူများ ကြိုးပမ်းလုပ်ကိုင်လျက်ရှိရာ မိုးစပါး(၃၈၇၄)ဧက စိုက်ပျိုးပြီးစီး

စလင်း ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ  နွေနှမ်းများ ရိတ်သိမ်းပြီးစီး၍  မိုးစပါးစိုက်ပျိုးရန် ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၄၇၆၇၇)ဧက ပြည့်မီရေးနှင့်  လျားထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြစေရန်  စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူပညာပေးလုပ်ငန်းများကို  လုပ်ကိုင်ရင်းဖြင့်  မြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးများစိုက်ပျိုးနိုင်ကြရန်  လယ်ယာလုပ်ငန်းခွင်များ ဝင်ရောက်ထွန်ယက်လုပ်ကိုင်နေကြပြီး  ယနေ့အထိ မိုးစပါး (၃၈၇၄)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသအသီးသီးတို့မှ  တောင်သူများ၊ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးလုပ်ကိုင်ကြရန်၊ စလင်းတမံမှ ရေကိုအသုံးပြု၍ တိုက်ရိုက်စိုက်စနစ်ဖြင့်  ဧရာမင်းစပါး(၃၀၅၈)ဧက၊ ပွင့်ဖြူမြို့နယ် မဲဇလီဆည်မှရေကိုအသုံးပြု၍  တိုက်ရိုက်စိုက်ပျိုးစနစ်ဖြင့် (၃၂၂)ဧက ကန်ငယ်များမှရေကိုအသုံးပြု၍  တိုက်ရိုက်စိုက်ပျိုးစနစ်ဖြင့် (၁၉၂)ဧက၊ မြေအောက်ရေကိုအသုံးပြု၍ (၂၈၅)ဧက၊ ရေစုပ်စက်များကို အသုံးပြု၍ တိုက်ရိုက်စိုက်စနစ်ဖြင့်(၁၇)ဧက၊ စိုက်ပျိုးပြီးစီးပြီဖြစ်ရာ  စလင်းမြို့နယ်အတွင်း  ဒေသစိုက်ပျိုးရေးဆန်များဖြင့်  စားနပ်ရိက္ခာဖူလုံစေရန်အတွက်  စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြစေရန်  စလင်းတမံ၊ ပွင့်ဖြူမြို့နယ် မဲဇလီဆည်၊ တက်တူတမံ၊ လျှပ်စစ်မြစ်ရေတင်၊ ဆည်ငယ်ကန်ငယ်များနှင့်  သဘာဝမိုးရေ၊ မြေအောက်ရေ၊ ရေစုပ်စက်များကို အသုံးပြု၍ နေရာဒေသအလိုက် ထွန်ယက်စိုက်ပျိုးလျက်ရှိရာ  တောင်သူဦးကြီးများ စိတ်အေးချမ်းသာစွာ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်စေရန်အတွက်  မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး  စိုက်ပျိုးရေးသွင်းအားစု လယ်ယာလုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူအသုံးပြုနိုင်စေရန်  ထုတ်ချေးပေးနိုင်ခဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်စေရန်နှင့် မိုးရာသီဆန်စပါးအချိန်မီ စိုက်ပျိုးနိုင်စေရန်  တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ အသုံးချရေး၊ ဓာတ်မြေသြဇာနည်းစနစ် မှန်ကန်စွာအသုံးပြုရေးနှင့် မျိုးကောင်းမျိုးသန့်များရရှိစေရေး၊ အထွက်နှုန်းကောင်းမွန်ရေး  တောင်သူပညာပေးများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့အထိ  မိုးစပါး(၃၈၇၄)ဧက စိုက်ပျိုးပြီးစီးကြောင်းကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)