ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု ပန်ပဲကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲကျေးရွာအနီး ဟိန်းမေတ္တာကုမ္ပဏီ အလတ်စားရွှေသတ္တုတူးဖော်ရေး လုပ်ကွက်များမှ ပုံချက်ကွင်းဟောင်း (Leaching Pad) ပေါ်တွင် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်က မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ ခေတ္တဗျူဟာမှူး ဒုမှူးကြီး သန်းလှိုင်ဝင်း၊ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး ၎င်းမိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားတွင် မန်ဂျန်ရှာ (၃၀၀)ပင်၊ မဲဇလီ (၁၈၀)ပင်၊ စုစုပေါင်း (၄၈၀)ပင် စိုက်ပျိုးခဲ့ပြီး ၁၀ နာရီ ၁၅ မိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)