ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(ဆည်မြောင်း) ခရိုင်ဦးစီးမှူး၊ ခရိုင်လမ်းဦးစီးဌာန၊  ခရိုင်ဦးစီးမှူး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ဆည်မြောင်း) မြို့နယ်ဦးစီးမှူးတို့ လိုက်ပါ၍ ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ သာစည်ကုန်းကျေးရွာအုပ်စု၊ မြို့မအုပ်စုတို့အား ဆက်သွယ်ထားသော ထန်းလုံးချောင်းတာ ဧရာဝတီမြစ်ရေမြင့်တက်၍ ယောဒေါင့်ကျေးရွာအနီး ထူးပေါက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအ​ခြေအနေ၊ ခြောက်လုံး​ပြွန်ရေထိန်းတံခါးကြံ့ခိုင်မှု အခြေအနေနှင့် သဲအိတ်များချထားမှုအခြေအနေ၊ ထန်းလုံးချောင်းကျေးရွာနှင့် မြို့မကျေးရွာအကြား ထန်းလုံးချောင်းတာနှင့် မြို့မကျေးရွာသို့ ဆက်သွယ်ထားရှိသော ကံကျိုးကုန်းတာ ကျိုးပေါက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင်ထားရှိမှုအခြေအနေ၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဓမ္မာရုံ၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမ္မာန်ဓမ္မာရုံ၊ သရက်တောရပ်ကွက်၊ ရွှေဂူကြီးဘုရားဓမ္မာရုံတို့တွင် ရေဝင်ရောက်၍ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များမှ နေ့လယ်စာ ချက်ပြုတ်ကျွေးမွေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယွန်းတန်းရပ်ကွက်အတွင်းရှိ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် ခရိုင်ဆည်မြောင်းဦးစီးဌာနမှ အလှူငွေ (၂၀၀၀၀၀ိ/-) ကျပ်၊ ကြာနီကန်ရပ်ကွက် အတွင်းရှိယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ အလှူငွေ (၂၀၀၀၀၀ိ/-) ကျပ်၊သရက်တောရပ်ကွက်အတွင်းရှိ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက်ခရိုင်လမ်းဦးစီးမှူးမှ အလှူငွေ (၂၀၀၀၀၀ိ/-) ကျပ် တို့အားထမင်း/ ဟင်းချက်ပြုတ်ကျွေးမွေးရန်အတွက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

အဆိုပါ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါကွင်းဆင်းခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)