သတင်းများ

အောင်လံမြို့၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရောင်းချပေး
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ ပြည်သူများ အစဉ်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
မြန်အောင်၌ ယာယီရေဘေးရှောင်စခန်း(၃)ခုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရှိ ယာယီရေဘေးရှောင်စခန်း(၃)ခုတွင် ယမန်နေ့က ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့၌ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား အသုံးအဆောင်ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတော်စုရပ်ကွက်၊ မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက အဆိုပါခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။
နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာ၌ နွေနှမ်းစံကွက် ရိတ်သိမ်း
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဆီဖူလုံမှုရရှိပြီး ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ပ/ဂွေးချိုကျေးရွာ ကွင်းအမှတ်(၈၃၇)အတွင်းရှိ တောင်သူ ဦးလူလှ၏ နွေနှမ်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၆၂၆၂၀) ဧကစိုက်ပျိုးပြီးစီး
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌  ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၈၂၆၁၀) ဧက လျာထားစိုက်ပျိုးရာ ယမန်နေ့အထိ (၆၂၆၂၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲက ရေဘေးသင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် စတုတ္ထအကြိမ် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ကံလှကျေးရွာ၊ ‌ပေါက်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၊ ဆင်စုကျေးရွာ၊ ညောင်လှလေးကျေးရွာနှင့် ညောင်ပင်ဒေါင့်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက စတုတ္ထအကြိမ် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။