သတင်းများ

မိုင်းယန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုးရာသီ၌ တောင်ကြီး-အေးသာယာအတက်အဆင်းလမ်းတွင် သစ်ပင်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 25,2024
တောင်ကြီးမြို့ပေါ်ရှိ သစ်တောသစ်ပင်ချစ်မြတ်နိုးသူများ(တောင်ကြီးမြို့ မြေအောက်ရေဖြည့်တင်းရေးအထောက်အကူပြုအဖွဲ့)မှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ တောင်ကြီးအေးသာယာအတက်အဆင်းလမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးထားရှိမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်များဖြင့် လူသုံးကုန်နှင့် အလှကုန်များထုတ်လုပ်နေသည့် Be Wine သဘာဝခေါင်းလျှော်ရည်လုပ်ငန်း
Jul 25,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်မည့် အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေးဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူအခွင့်အရေးများ သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပခဲ့သည်။
ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 25,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ပျံ့နှံခြင်းမရှိစေရေးနှင့် ရောဂါအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 25,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်ပလတ်စတစ် အမှိုက်များ လိုက်လံကောက်ယူရှင်းလင်း
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။