မိုးနဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

မိုးနဲ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က သစ်တောနှင့်ရာသီဥတုပြောင်းလဲမှု သိကောင်းစရာများအကြောင်းကိုလည်း‌ကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်အောင်အောင်က ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးသိကောင်းစရာများအကြောင်းကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လင်းခေးခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်သစ်တောဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း