တံတားဦး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်ပေးကြောင်းသိရသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့ စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်မအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီးစစ်တုရင် ကစားနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ(၂၅) ရက်နေ့မှ (၂၆)ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်ကြောင်းသိရသည်။
စစ်တုရင်ကစားနည်းသင်တန်းတွင် မြို့နယ်စစ်တုရင်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့အဖွဲ့ဝင် ဦးရဲမောင်က စစ်တုရင်ပြိုင်ပွဲနည်းပြမှ ပြောကြားရာတွင် မိမိရွေ့လိုသည့် အရုပ်သာကိုင်ရမည်ဖြစ်ကြောင်း၊ သင်တန်းမှ လက်တွေ့သင်ကြားပေးသည်များကို လေ့လာမှတ်သားစေလိုကြောင်း၊ စစ်တုရင်ကစားနည်းသည် စိတ်အေးချမ်းသာယာသည့် ကစားနည်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စစ်တုရင်ကစားနည်းကို သင်တန်းနည်းပြများက သင်တန်းသားများအား လက်တွေ့သင်ကြားပေးကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား(၁၀)ဦးတက်ရောက်ကြပြီးသင်တန်းကို နေ့စဉ်နံနက်(၁၀)နာရီမှ နေ့လယ်(၁၂)နာရီအချိန်ထိ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)