ကျွန်းလှ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းစင်စေရန်အတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အင်းကောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက တောင်သူများ မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို လိုက်နာကျင့်သုံးကြပြီး သီးထပ်၊ သီးညှပ်စိုက်ပျိုးကြစေလိုကြောင်း အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဘက်စုံကာကွယ်ရေးစနစ်နှင့် နှိမ်နင်းခြင်းနည်းလမ်းများ၊ ဖောငမြောင်တောင်ပိုး၏ ဘဝစက်ဝန်းနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ယင်ဖြူပိုးနှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်တတ်သည့် အပင်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ဒေသခံတောင်သူ (၆၀) ဦးတက်ရောက်ခဲ့ပြီး (အီးအမ်-၅)နှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ