ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (မြို့ချောင်း) ကျောင်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တံခါး ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်း(မြို့ချောင်း)ကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်-၂ က အမှာစကားပြောကြားပြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ video clip အား ပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကျောင်းသုံးဗလာစာအုပ် (၂၀) ဒါဇင်အား လှူဒါန်းပြီးနောက် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အ.ထ.က (မြို့ချောင်း)၊ ကျောင်းဝင်းအတွင်း အရိပ်ရပန်းအလှပင် (၅၀) ပင်တို့အား သစ်ပင်စိုက်ပျိုးသရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အ.ထ.က (မြို့ချောင်း) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးနွယ်ဦးဆောင်သည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၁၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)