ကန်ကြီးထောင့် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့သည် မြိုနယ်အတွင်းရှိ ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများအား စဉ်ဆက်မပြတ်လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့ ညနေ (၃) နာရီအချိန်ခန့်က ထပ်မံ၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများသည် အမှတ် (၁) ရပ်ကွက် မှ ပိတောက်ပင်၊ လေးဆူ၊ ရွေးကျေးရွာ အုပ်စုအထိလည်းကောင်း၊ ဒါးက-ရွေးကုန်းကမ်းတာတစ်လျောက်အား လိုက်လံကြည့်ရှု့၍ တာစိမ့်ပေါက်မှု မရှိစေရေး၊ ရေကင်းများ ချထားမှုအခြေအနေ၊ ရေတံခါးကြံခိုင်မှု ရှိ/မရှိ၊ သဲအိတ်များ ကြိုတင်စုဆောင်းထားရှိမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်ရှိ အဆိုပါ ရေတံခါးများ၊ ကမ်းပတ်တာများအား စဉ်ဆက်မပြတ် လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေတွင် ရေတံခါးများ၊ ကမ်းပတ်တာ အခြေအနေများမှာ ကောင်းမွန်မှုရှိပါကြောင်း၊ စိုးရိမ်ဖွယ်အခြေအနေမရှိပါကြောင်း သက်ဆိုင်ရာမှ သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)