သတင်းများ

ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်ထားရှိ
Jul 26,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းနေရာများ၌ နေထိုင်သူများအား ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။
နတ်မောက်မြို့နယ် ကျောက်တံခါးကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်း
Jul 26,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ကျောက်တံခါးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းများဆောင်ရွက်
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်စာတိုက်တွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jul 26,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက မုံရွာမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (အလုံ)၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးပွဲကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များမှ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Advocacy Meeting ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း မြစ်ရေများမြင့်တက်လာသဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရေဘေးသင့်ပြည်သူများ ယာယီရွှေ့ပြောင်း
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၁၀ရက်နေ့က မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ညနေ၄နာရီအချိန်က တနင်္သာရီမြို့အဝင် ဆိပ်ခံတံတားရေမှတ်တိုင်၌ မြစ်ရေတိုင်းထွာချက်အရ သာမန်မြစ်ရေအထက် (၁၉ပေ-၅လက်မ)အထိ ရောက်ရှိနေပြီး တနင်္သာရီမြို့၏စိုးရိမ်ရေအမှတ် (၁၇ပေ)ထက် (၂ပေနှင့်၅လက်မ)အထိ ကျော်လွန်ရောက်ရှိနေပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းမှ အနိမ့်ပိုင်းနေရာရှိ ဌာနဆိုင်ရာရုံးတစ်ချို့၊ ဝန်ထမ်းအိမ်ရာနှင့် ရပ်ကွက်/ကျေးရွာလမ်းများအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ကျားမင်းလမ်းသွယ် (၂) လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။