ရွှေသောင်ယံ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် မကျီးချောင်းဘေးတွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဉီးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါမိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ဗြူးခြေထောက်ပင် (၆၆၅)ပင်၊ ဗြူးအုပ်ဆောင်းပင်(၅၀၀)ပင်၊ မဒမသစ်ပင်(၂၀၀)ပင်၊ အုန်းပင်(၃၅)ပင် စုစုပေါင်း ဒီရေတောသစ်ပင် (၁၄၀၀) ပင် စိုက်ပျိုးပေးခဲ့ကြသည်။
အခမ်းအနားတွင် ရွှေသောင်ယံမြို့မှ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)