ရပ်စောက် ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းယုကိုနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာပိုင်စိုးမိုးတို့က ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်ပတ်သက်၍ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ရောဂါဖြစ်ပွားရမှုအခြေအနေများနှင့် ရောဂါဖြစ်ပွားလာပါက ထိရောက်စွာကုသခြင်းလုပ်ငန်းများအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)