သတင်းများ

မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာတွင် နိုင်ငံတော်မှ မတည်ငွေဖြင့် တည်ဆောက်ဖွင့်လှစ်မည့် စာကြည့်တိုက်အသစ်မြေနေရာအား လိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jul 26,2024
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်ဖွင့်လှစ်မည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စာကြည့်တိုက်မြေနေရာအား ယမန်နေ့ကစတင်၍ လိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 26,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂၅) အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အ.မ.က (ကဇင်းကြီး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး (စကု) မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၌ ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကာဘော်လစ်ဆပ်ပြာတောင့်များပေးအပ်ပွဲကို ယမန်နေ့နက်ပိုင်းကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့များတက်ရောက်သည်။
ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာများ အသိပညာပေးဟောပြော
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိစိတ်ဓါတ် ရှင်သန်လာစေပြီး သစ်ပင်စိုက်ပျိုးခြင်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် သစ်တောသစ်ပင်များအား ချစ်မြတ်နိုးတက်လာစေရန်၊ ရာသီဥတု ပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ထန်းတပင်)၊ လှိုင်ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကျင်းပ
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။