သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေး
Jul 26,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတသာသနာပြုကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ (၉၁.၀) ပေသို့ပြန်လည်ကျဆင်း
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ယမန်နေ့မှစ၍ (၉၁.၀) ပေသို့ပြန်လည်ကျဆင်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်အိမ်ခြေ (၅၈၇) အိမ်၊ အိမ်ထောင်စု (၆၀၇) စု၊ လူဦးရေ ကျား (၁၀၁၀) ဦး၊ မ (၁၁၃၉) ဦး စုစုပေါင်း (၂၁၄၉) အနက် ရေဘေးသင့်အိမ်ခြေ (၈၉) အိမ်၊ အိမ်ထောင်စု (၈၉) စု၊ လူဦးရေ ကျား (၁၃၇) ဦး၊ မ (၁၅၈) ဦး၊ စုစုပေါင်း (၂၉၅) ဦး ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ပြည်မြို့ ပြည်သာယာရပ်ကွက်၌ ရေဝင်နစ်မြုပ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၌ ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဝင်နစ်မြုပ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော (သွပ်မိုး/ပျဉ်ခင်း) လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ညနေ ၆ နာရီအချိန်တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း (၃၀) အား ယာယီပိတ်ထားခဲ့ရကြောင်း သိရကာ ယနေ့နံနက်ပိုင်းက မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ မြို့နယ်အဆင့်လုပ်ငန်းညှိနိူင်း အစည်းအဝေးကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ အခန်းကဏ္ဍနှင့် စီမံကွပ်ကဲရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အများပြည်သူလူထု နားလည်သဘောပေါက်စေရန် ရှင်းလင်းခြင်းနှင့် မြို့အဆင့်လုပ်ငန်းကော်မတီ၊ ရပ်ကွက်ကျေးရွာ လုပ်ငန်းကော်မတီးများအလိုက် ဆောင်ရွက်ရမည့်တာဝန်များကို ရှင်လင်းဆွေးနွေး​ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်၌ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ရာမညမွန်ကျောင်းရှိ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြား၍ ဆန်၊ ဆီ၊ ဆားနှင့် ကြက်သွန်များ ထောက်ပံ့
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြိတ်မြို့ ရာမညမွန်ကျောင်းသို့ သွားရောက်၍ မွန်တိုင်းရင်းသား ကျောင်းသားသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ဆန်၊ ဆီ၊ ဆားနှင့် ကြက်သွန်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကျောက်ကပ်သန့်စင်ဆေးရည် Solution (A) (၂၅)ပုံးနှင့် Solution (B) (၂၅)ပုံး လာရောက်လှူဒါန်း
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကျောက်ကပ်သွေးသန့်စင်လူနာများအတွက် တောင်ငူမြို့၊ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းမှ ကျောက်ကပ်သန့်စင်ဆေးရည် Solution (A) (၂၅)ပုံးနှင့် Solution (B) (၂၅)ပုံး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့ အ.ထ.က (၂) မြို့မဂုဏ်ရည်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။