သတင်းများ

ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်းအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  သက္ကယ်ချောင်ကျေးရွာပရဟိတရုံး၌ ကျေးရွာရှိ ဒေသခံပြည်သူများအား ရောင်းချပေးခဲ့သည်။
ကြံခင်းမြို့နယ် အ.ထ.က(ခွဲ)မြောင်ကြီးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အ.ထ.က(ခွဲ) မြောင်ကြီးကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင် ပြုလုပ်သည်။
ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 26,2024
နိုင်ငံ့ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးနှင့်အလုပ်တာဝန်များကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃) သောင်းကျော် ထုတ်ချေးပေး
Jul 26,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့အထိ ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ တောင်သူ (၂၉၀၈) ဦး၏ စိုက်ဧက (၂၀၄၂၄) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃၀၆၃၆) သိန်းကို ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် စာဖတ်ရှိန်မြှင့်တင်းရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂ဒသမ ၅၃ ပေခန့် ကျဆင်း
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာ (၇၀ဒသမ၅၄) ပေအောက် ၂ ဒသမ ၅၃ ပေခန့်ကျဆင်းလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာရပ်သင်တန်းဖွင့်လှစ်သင်ကြား
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာရပ်သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။