သတင်းများ

ရေကြည်မြို့နယ်တွင် စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်
Jul 26,2024
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ မြို့မစည်ပင်သာယာစျေးအတွင်း၌ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချရန် သိုလှောင် ထားခြင်း ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်း(၁) နာရီ အချိန်က လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ခရိုင်အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 26,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ဇူလိုင်လ (၂၄) ရက် နံနက် (၁၀) နာရီက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်အမျိုးသမီးကော်မတီဝင်များ တက်ရောက်ခဲ့သည်။
ဟင်္သာတမြို့နယ်အဆင့် မွေးဖွားမူနှင့်သေဆုံးမူ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် မွေးဖွားမူနှင့်သေဆုံးမူ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
တာမွေမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း အများပြည်သူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရန်အတွက်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် တာမွေမြို့နယ်အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၀.၉ ပေရေစတင်ကျော်သောကြောင့် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား
Jul 26,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် ယနေ့နံနက် ၁၀နာရီအချိန်တိုင်းတာချက်အရ တမံအမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ ၆၂၅.၉ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀.၉ ပေအမြင့်အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူထားရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ ပြည်သူ(၁၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး
Jul 26,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၃ စင်တီမီတာသို့ ရောက်ရှိနေပြီး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့နှင့် အခြေခံပညာ စာသင်ကျောင်းများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိ
Jul 26,2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်း အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။