သတင်းများ

နတ်မောက်မြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jul 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ကျားမင်းလမ်းသွယ် (၂) လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့၌ ကျောင်းသား/သူများအား ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း ကျင်းပ
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန(ဝန်ထမ်းအိမ်ရာ)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန(ဝန်ထမ်းအိမ်ရာ)သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခွန်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 26,2024
ကချင်ပြည်နယ်အတွင်း ကောက်ခံလျက်ရှိသည့် အခွန်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်သည်။
မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 26,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက အ.ထ.က (ခွဲ၊ လ-၂) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့သည့် ပြည်မြို့ နဝင်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အလှူငွေများထောက်ပံ့လှူဒါန်း
Jul 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၁၅ရက်ကစ၍ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့သည့် နဝင်းရပ်ကွက် မြေနိမ့်ပိုင်းရှိ (နဝင်း)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် ကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုးနဲမြို့နယ်‌ရှိ ကျေးရွာများတွင် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် မိတ်ဆက်ရှင်းလင်း
Jul 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရးနှစ်အတွက် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။
မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝန်ထမ်းအိမ်ရာ (RCC) တစ်ထပ်၊ ခြောက်ခန်းတွဲအဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်
Jul 26,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်၏ ဝန်ထမ်းအိမ်ရာ(RCC)တစ်ထပ်၊ ခြောက်ခန်းတွဲအဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။