နတ်တလင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
အကြိုပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းပေါင်း (၄၆) ကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ (၁၂၆) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဆုပေးပွဲအခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြခန်းများ၊ ဂိမ်းကစားနည်းများ၊ စာပေဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များနှင့် စတုဒီသာကျွေးမွေးခြင်းအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)