မြို့သစ် ဇူလိုင် ၂၆
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်ဖွင့်လှစ်မည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စာကြည့်တိုက်မြေနေရာအား ယမန်နေ့ကစတင်၍ လိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်မည့် မြေနေရာလိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်ဆောက်လုပ်ရေးအဖွဲ့နှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အဆောက်အဦးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆောက်လုပ်ပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)