သာယာဝတီ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုလတ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊ သာယာဝတီခရိုင် ရွေးကောက်ပွဲအရာရှိ ဒေါ်အေးအေးမော်၊ လက်ပံတန်းမြို့နယ်ရွေးကာက်ပွဲအရာရှိ ဒေါ်ဟေမာမျိုးသိန်း၊ မင်းလှမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဇင်နွယ်ခိုင်၊ မိုးညိုမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ယုယုနိုင်၊ အုတ်ဖိုမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ယမုံဖူး၊ ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ရီရီစိုး၊ ဇီးကုန်းမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်စုစုနှင်း၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်မေလမင်းထွန်းတို့ တက်ရောက် ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်များမှ ရွေးကောက်ပွဲအရာရှိများက မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (Central Voter List Management System CVLMS) သို့ မဲရုံအလိုက် တင်သွင်းသည့် အခြေအနေများ၊ ဆောင်ရွက်မည့်မဲရုံတည်နေရာ၊ မဲရုံအရေအတွက်နှင့် မဲပေးမည့် ဦးရေ၊ နယ်မြေအခြေအနေအရ မဲပေးရန်ခက်ခဲသည့် မဲရုံများ၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံများအခြေအနေနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)