ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စု များအားထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
Jan 31,2024
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း၊ ပန်းရံ၊ သီးလုံးကျေးရွာများနှင့် အမှတ်(၆)၊ အမှတ် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒက်ရာရပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။