သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပြပွဲအခမ်းအနား တက်ရောက်
Jan 31,2024
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပြပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းပြုလုပ်ပေး
Jan 31,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး
Jan 31,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် တိုးချဲ့အဆောက်အဦသစ်များ တည်ဆောက်နေမှုများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းများသတ်မှတ်ချိန်အမီပြီးစီးအောင် ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မင်းဘူးမြို့၌ ယနေ့ခေတ်လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးပြီး ဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် အကြံဉာဏ်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းကျင်းပ
Jan 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး ယနေ့ခေတ် လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် အကြံဉာဏ်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်ကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆက်လက် ဆောင်ရွက်
Jan 31,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ် (၂) ရပ်ကွက်တွင် ဆောင်‌ရွက်ခဲ့ကြောင်းသိရသည်။
မင်းတုန်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဇာ‌ကျော်နှင့် ၀န်ထမ်းများ၊ မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်လျှပ်စစ်မှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မင်းလှမြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်‌ ပန်းတော်ပြင်ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 31,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် (၁၁) နာရီက ပန်းတော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
မိုင်းခတ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံအသိပေးနှိုးဆော်
Jan 31,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။