သတင်းများ

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 31,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jan 31,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်း
Jan 31,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီးစသည့် နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။
ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများပြုလုပ်
Jan 31,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့၌ Grade-5 စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Jan 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်း အဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်းက စာမေးပွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသည့်အခါ စနစ်တကျဖွဲ့စည်းပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ စာမေးပွဲလုပ်ငန်းများလုပ်ဆောင်ရာတွင် လွဲမှားမှုမရှိရေး ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jan 31,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပြုလိုက်နာဆောင်ရွက်ရေး လှည့်လည်နှိုးဆော်
Jan 31,2024
တံတားဦခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ဆောင်ရွက်ခြင်း၊ တံတားဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများလျော့နည်းပပျောက်ရေးတို့အတွက် အသိပေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ (၃)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည် ။
နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီးအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီးတို့က သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။