ဘားအံ ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ ကြည့်ရှုအား ပေးခဲ့ကြ ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “ချစ်ခြင်းတရားနှင့် ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် မေဂျာအသီးသီးမှ ကျောင်းသား/ကျောင်းသူ(၄၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦး စုစုပေါင်း(၆၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)