သာပေါင်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ၊ သော်ကဆောင်ခန်းမ၌ ယနေ့ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သက်နိုင်တို့က အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် ကိုယ်ပိုင်ကျောင်းပေါင်း (၂၅) တို့မှ တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများအား တွေ့ဆုံပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်ကျန်ရှိသည့် (၁) လ (၁၀) ရက်အတွင်း အားသွန်ခွန်စိုက်သင်ကြားပေးရေး၊ စာမေးပွဲဖြေဆို လေ့ကျင့်ရေး၊ကျေားင်းသား၊ကျောင်းသူများ ကျန်းမာရေးစစ်ဆေးရေး၊ အောင်ချက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တွေ့ဆုံဆွေးနွေးမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)