သတင်းများ

ဆွမ်ပရာဘွမ်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 31,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အသက်(၂)လမှစ၍ (၁)နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တက်ရောက်
Jan 31,2024
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပူတာအိုမြို့၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Jan 31,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာ ပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျှော့ချရေးကို တဖက်တလှမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပခဲ့သည်။
အ.ထ.က တကူဆိပ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပြီး မီးငြှိမ်းသတ်နည်း သရုပ်ပြ
Jan 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် သုံးဆယ်တကူဆိပ်ကျေးရွာအုပ်စု အထကကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပြီး မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ် ဆွာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 31,2024
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့​ပေါ်ရပ်ကွက်များနှင့်​ ကျေးရွာများအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်မှစတင်၍ ဆွာမြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့သည်။
ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကွင်းဆင်းကြည့်ရှု စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
Jan 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းသည် ယနေ့နံနက်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သန်လျင်မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုင်းဒေသကြီးမှ ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်        
Jan 31,2024
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုမွန်ပြည်နယ် မော်လမြိုင်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရေး၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်‌ကြောင်း ပြောကြားသည်။