ရွှေဘို ဇန်နဝါရီ ၃၁
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း၊ ပန်းရံ၊ သီးလုံးကျေးရွာများနှင့် အမှတ်(၆)၊ အမှတ် (၇) ရပ်ကွက်တို့တွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒက်ရာရပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်အနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပေးအပ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းပြောကြားကာ၊ တက်ရောက်လာသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကထောက်ပံ့ငွေများပေးအပ်ရာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာသူ/သားများ၊ ထိခိုက်ဒဏ်ရာရရှိသူများ ကလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင်၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒဏ်ရာရပြည်သူ (၁၆) ဦး၊ သေဆုံး (၈) ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေ (၃၂) သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့သည့်အမှုထမ်းကောင်းဆုချီးမြှင့်ငွေကျပ် (၅) သိန်း ကိုတစ်ပါတည်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)