ရွှေသောင်ယံ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရိုင်၊ ရွှေသောင်ယံမြို့၊ ဝိဝေကာရာမကျောင်းတိုက်ဆရာတော် ဦးဓမ္မိကမွေးနေ့အလှူအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများ (၁၁၉) ဦးအား ဗလာစာအုပ်၊ခဲတံ၊ဘော့ပင်များနှင့် ကြာဇံချက်များကို ယနေ့နံနက် (၁၁) နာရီက မူလတန်းစာသင်ကျောင်း (၃) ကျောင်း၌ လိုက်လံကြွေးမွေးလှူဒါန်း၍ ကုသိုလ်ပြုခဲ့သည်။
ထိုသို့မွေးနေ့အထိန်းအမှတ် ကုသိုလ်ဒါနများပြုလုပ်ရာတွင် ဆရာတော်နှင့်ဒကါ၊ဒကါမများမှ ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁၁၂) မူလတန်းကျောင်းသို့လည်းကောင်း၊ အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၇၉) ဂျိုင်လယ်ကျောင်းသို့လည်းကောင်း၊ အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၁၈၃) ကျောက်တလုံးကျောင်းသို့လည်းကောင်း သွားရောက်လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)