မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်
Feb 01,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ အပြင်မဲကနယ်၊ ဖလူးကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ်ငါးခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊ စိန်ရောင်ခြည်ကျောင်းတိုက်၊ ဓမ္မံရန်အောင်ကျောင်းတိုက်၊ အပြင်မဲကနယ်မင်္ဂလာဦးကျောင်းတိုက်နှင့် မင်းလက်ပံကျေးရွာ ကျောင်းတိုက်တို့၌ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။