သတင်းများ

နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်မျာအား ရှင်းလင်းပွဲနှင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ရှင်းလင်း
Feb 01,2024
နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်များအား ရှင်းလင်းပွဲနှင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးအပ်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ရှင်းလင်းသည်။
ကျုံပျော်တွင် မီးဖိုမီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
Feb 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်နယ်မြေမီးသတ်စခန်းနှင့် (၄)မိုင်ခန့် ကွာဝေးသော  အင်းဖျားကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက် ညနေက မီးဖိုမီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 31,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပဒါန်းအခြေခံပညာအထက်တန်းကျောင်း ဇေယျခေတ္တရာခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ်(၉၀၅)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုး၊ မကွေးတိုင်းပညာရေးမှူး၊ မင်းဘူးခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဓမ္မစေတီပရိယတ္တိစာသင်တိုက်နှင့် ရပ်ကွက်များအားအတွင်း ကွင်းဆင်းစစ်ဆေး
Jan 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဓမ္မစေတီပရိယတ္တိစာသင်တိုက်နှင့် (၄၈)ရပ်ကွက်အတွင်းနေအိမ်များသို့ တစ်အိမ်တက်ဆင်း  စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
လပွတ္တာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 31,2024
ဧရာဝတီဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ အမှတ် (၄)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်
Jan 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးများစနစ်တကျသုံးစွဲခြင်း ရှိ/ မရှိ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မုံရွာမြို့နယ်တွင် အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ
Jan 31,2024
စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့နယ်တွင် စိုက်ပျိုုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင် မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲ အခမ်းအနားများကို ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်၍ မုံရွာမြို့ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) နှင့် အမှတ် (၁၊ ၂) အလုံ အခြေခံပညာ အထက်တန်းကျောင်းများရှိ ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။