ဇလွန် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက်တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်မီးသတ်ဦးစီးဌာန ဒု - ဦးစီးမှူးဦးချစ်လွင်ထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့်ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါကအသစ်လဲလှယ်ရန်၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့် ပစ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါ သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာနသို့အချိန်မီ အကြောင်းကြားရန် တစ်အိမ်တက်ဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)