ဆွမ်ပရာဘွမ် ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အသက်(၂)လမှစ၍ (၁)နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာ ရေးမှူး အဆင့်(၁) ဒေါ်ဂျေလုဂျာ၊ မြို့နယ်ဘက်စုံသားဖွားဆရာမ ဒေါ်ဘောက်ဆိုင်းနှင့် တာဝန်ရှိသူ များက ဆွမ်ပရာဘွမ်မြို့ပေါ် (၃)ရပ်ကွက်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၈)ရွာရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဆေးမှတ်တမ်းများရေးသွင်းခြင်းများ ဆောင်ရွက်ကာ အသက်(၂)လမှစ၍ (၁)နှစ်ခွဲ အထိ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်စသည့် ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ပြီး (Vitamin and Mineral Powder) ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါ အာဟာရမုန့်များအား ကလေးမိခင်များ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၁၂)အုပ်စုမှ ကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တစ်လတစ်ကြိမ် နံနက် (၁၀)နာရီအချိန်တွင် ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)