ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းသည် ယနေ့နံနက်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သန်လျင်မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုင်းဒေသကြီးမှ ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းက အစီရင်ခံစာ (၃) လတစ်ကြိမ်ပေးပို့ရေး၊ ဘဏ်စာရင်းဖွင့်လှစ်ရေးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများအား ဆွေးနွေးမှာကြားသည်၊ ယင်းနောက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား ဖွင့်လှစ်နိုင်မှု အခြေအနေနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းသည် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ဓမ္မရသစာကြည့်တိုက်၊ ဘုရားကုန်းကျေးရွာရှိ ပညာရင်ခွင် စာကြည့်တိုက်၊ လက်ယက်စမ်းကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်နှင့် အမှုထမ်းရပ်ကွက်ရှိ ကြေးမုံပြင်စာကြည့်တိုက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)