သတင်းများ

ငဖဲမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 01,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြသည်။
သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Feb 01,2024
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဂွမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
Feb 01,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယနေ့  နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောရာသီ စတင်ရောက်ရှိလာ၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဈေးချိုတောင်ရပ်ကွက်နှင့် ဈေးချိုမြောက်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 01,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာ တွင်းလမ်း ၃၀၀၀ ပေအား ကျောက်ရောမြေဖြင့် ခြောက်လက်မ ထုအခြေခံလွှာခင်းကြိတ်ပြီး (၃၀၀၀ ပေx ၁၂ ပေ × ၈လက်မထု) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကျေးရွာရှိတောင်သူများ စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများအား ကြည့်ရှု၍ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးနှင့် ကျေးရွာအတွင်း သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် မှာကြားသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး၍ ပျက်စီးဆုံးရှုံးမှုမရှိ လုံခြုံစိတ်ချရေးအတွက် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးကြေညာ
Feb 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး၍ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ လုံခြုံစိတ်ချရေးအတွက် ယမန်နေ့ညနေ (၆) နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး ကြေညာချက်များအား စဉ်ဆက်မပြတ်နှိုးဆော် သတိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကမာဝက်မြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Feb 01,2024
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ကျင်းပသည်။
စျေးကွက်ဝင်သည့် ကိုကိုးပင်များကို ဥယျာဥ်ခြံများ၌ ကြားညှပ်၍စိုက်ပျိုးနိုင်
Feb 01,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဥယျာဥ်ခြံများ၌ ကြားညှပ်၍ ကိုကိုးပင်များကို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိနိုင်ကြောင်း သိရသည်။