ရေတာရှည်မြို့နယ် ဆွာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရေတာရှည် ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်မှစတင်၍ ဆွာမြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးမှဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်ရာ ဌာနဆိုင်ရာရုံးနှင့် နေအိမ်အဆောက်အဦးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဌာနဆိုင်ရာရုံး အဆောက်အဦးများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သောရှေးဦး မီးငြှိမ်းသတ်ရေးပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်၊ မိမိတို့ အဆောက်အဦးများအတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အသစ်လဲလှယ်တပ်ဆင် အသုံးပြုရန်နှင့် မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)