ကွမ်းခြံကုန်းမြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်က ပညာရေးဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အင်္ဂလိပ်စွမ်းရည်သင်ကြားမှုထူးချွန်ဆု၊ သင်္ချာစွမ်းရည်သင်ကြားမှု ထူးချွန်ဆုရရှိသည့်ဆရာမများ၊ လူရည်ချွန်ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ အားကစားထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံစိုး၊  အဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး/ဆရာကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဆွေနွယ်(ပြန်/ဆက်)