အ.ထ.က တကူဆိပ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပြီး မီးငြှိမ်းသတ်နည်း သရုပ်ပြ

အိမ်မဲ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် သုံးဆယ်တကူဆိပ်ကျေးရွာအုပ်စု အထကကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပြီး မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သိုဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံစိုးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ ကျောင်းအုပ်ဆရာမကြီးတို့မှ ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေးအတွက် အ.ထ.က တကူဆိပ်ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ဆေးဗူး၏ အချက်အလက်များနှင့် အသုံပြုပုံတို့ကို ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သင်ကြားပြသပေးပြီး မီးငြိမ်းသတ်နည်းကို သရုပ်ပြလေ့ကျင့်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်

(အိမ်မဲ ပြန်/ဆက်)