မုံရွာမြို့နယ်တွင် အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ

မုံရွာ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့နယ်တွင် စိုက်ပျိုုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင် မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲ အခမ်းအနားများကို ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်၍ မုံရွာမြို့ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) နှင့် အမှတ် (၁၊ ၂) အလုံ အခြေခံပညာ အထက်တန်းကျောင်းများရှိ ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကားပြော ကြားခဲ့ပြီး သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာ/ဆရာမကြီးများက အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာ အထက်တန်းကျောင်းများနှင့် တွဲဖက်၍ ပညာဆက်လက်သင်ယူနိုင်မည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် Grade-9 အောင်မြင်ပြီးပါက အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးသင်တန်းကျောင်းသို့ တက်ရောက်ပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာအထူးပြု သင်ယူသူများအတွက် သင်ကြားပေးနေမှုပုံစံများ၊ သင်ယူပြီးမြောက်ပြီး အထူးအောင်၊ အဆင့်မီအောင် သူတို့အတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မှုများနှင့် ရိုးရိုးအောင်မြင်သူတို့အတွက် ရရှိမည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်နှင့် အသက်မွေးဝမ်း ကျောင်းနိုင်မှု အခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနား
များသို့  မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ Grade-9 သင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)