ဆင်ပေါင်ဝဲမြို့တွင် ပြည်သူများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Feb 01,2024
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူများအား စားသုံးဆီသုံးစွဲမှု ဖူလုံစေရန်နှင့် ဒေသတွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့က ယနေ့နံနက် ၈ နာရီအချိန်က မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေးအသင်းမှ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။