ကျုံပျော်တွင် မီးဖိုမီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ကျုံပျော် ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်နယ်မြေမီးသတ်စခန်းနှင့် (၄)မိုင်ခန့် ကွာဝေးသော  အင်းဖျားကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက် ညနေက မီးဖိုမီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက် ညနေ ၂ နာရီ ၅၅ မိနစ် အချိန်ခန့်တွင် ကျုံပျော်မြို့နယ်၊ အထောင်နယ်မြေမီးသတ်စခန်းနှင့် (၄)မိုင်ခန့်ကွာဝေးသော  အင်းဖျားကျေးရွာရှိ ဦးသိန်းဇော်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ အထောင်နယ်မြေ မီးသတ်စခန်းသို့ ညနေ ၂ နာရီ ၅၇ မိနစ် အချိန်တွင် သတင်းပေးပို့သဖြင့် အထောင်နယ်မြေမီးသတ်စခန်း၊ သောင်ကြီးအရန်မီးသတ်စခန်းနှင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းတိုမှ စုစုပေါင်း မီးသတ်ယာဉ်(၄)စီးဖြင့် ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်ဦးစီး၍  သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ ကျေးရွာနေပြည်သူများဖြင့် မီးသတ်ကားမှ ရေဂါလံ(၃၂၀၀)ခန့်အသုံးပြု၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ပြီး ၊ ညနေ ၃ နာရီ ၂၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုမှာ နေအိမ်နှင့်တွဲလျက်ရှိသော နောက်ဖေးမီးဖိုဆောင်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအကာထရံအား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး၊  မီးလောင်မှုကြောင့် (၂ဝ x ၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံးပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊  လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)