ဒဂုံမြောက် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဓမ္မစေတီပရိယတ္တိစာသင်တိုက်နှင့် (၄၈)ရပ်ကွက်အတွင်းနေအိမ်များသို့ တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် (၄၂)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဓမ္မစေတီပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း ဆွမ်းချက်ဆောင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းနှင့် (၄၈)ရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများအား မီးဘေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)