ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ငဖဲ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပဒါန်းအခြေခံပညာအထက်တန်းကျောင်း ဇေယျခေတ္တရာခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ်(၉၀၅)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုး၊ မကွေးတိုင်းပညာရေးမှူး၊ မင်းဘူးခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက မင်္ဂလာပါမြန်မာ” သီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်တိုးတက်မြင့်မားရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားကာ ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်ရွှေနှင့် မြို့နယ်အဆင့်လူရည်ချွန်ဆုရရှိသူ Grade-11 မှ မောင်ကျော်သူရစိုးတို့က ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားကြသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဒါန်း အ.ထ.က ကျောင်းတွင်းဆု (၂၆၅)ဆု၊ မြို့နယ်အဆင့် ၃၉ဆု၊ ခရိုင်အဆင့် ၁၃ ဆု၊ တိုင်းဒေသကြီးအဆင့် ၆ ဆု စုစုပေါင်း (၃၂၃)ဆုတို့ကို အမှတ်(၉၀၅)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ “အလှကမ္ဘာမြေ”သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)