ကြံခင်း ဖေဖော်ဝါရီ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အားကစားကဏ္ဍ ဖွံဖြိုးတိုးတတ်စေရန်နှင့် အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.လ.က)ခွဲ ပေါက်တိုင်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက လူငယ်နှင့် အားကစားဆိုင်ရာများ၊ လူငယ်နှင့်ခေါင်းဆောင်မှုနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသိပ္ပံ (ရန်ကုန်)သင်တန်းကျောင်း သင်တန်းသား၊ သင်တန်းသူများ တတ်ရောက်နိုင်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။
ထို့နောက် (အ.လ.က)ခွဲ ပေါက်တိုင်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဇာဇာသက်အား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး၊ နည်းစနစ်မှူး ဒေါ်ခင်မိုးဝါက ကျောင်းသား/သူများနှင့်အတူ အကြောလျှော့ လေ့ကျင့်အားကစားနည်း သရုပ်ပြကစားကြပြီးနာက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသိပ္ပံ(ရန်ကုန်) သင်တန်းကျောင်း တက်ရောက်မည့် ကျောင်းသား/သူများအား ကြံ့ခိုင်စွမ်းရည်(၅)မျိုးဖြင့် ရွေးချယ်ခဲ့ကြသည်။
ဟောပြောပွဲသို့ (အ.လ.က)ခွဲ ပေါက်တိုင်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၁၃)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)