ချောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ချောက်မြို့မစျေး၌ မြို့နယ်စားသုံးဆီ လုပ်ငန်းရှင်များ အသင်းမှ စျေးသွားစျေးလာပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများအား ယနေ့နံနက်ပိုင်းတွင် လူ (၁) ဦးလျှင် စားအုန်းဆီ (၁) ပိဿာ (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ လူ (၁) ဦးလျှင် စားအုန်းဆီ (၁) ပိဿာ (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ စားသုံးဆီရောင်းချပေးရာတွင် ဆီပေပါ (၅) လုံး၊ ဆီပိဿာ (၅၅၀) ပိဿာအား ချောက်မြို့မစျေးသို့ လာရောက်သည့် ပြည်သူများအား လွတ်လပ်စွာ ရောင်းချပေးခဲ့ကြောင်းသိရပြီး ပြည်သူများမှ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးမှုအပေါ် ဝမ်းသာလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)